Timer လေးနဲ့ ကွန်ပျူတာ ပိတ်ချင်လို့

W-XP မှာ Timer ပေးပြီး စက်ကို Shutdown or Restart ပေးလို့ရတယ်ဗျ။ Network ထဲမှာလည်း လှမ်းပိတ်လို့ ရတယ်ဗျ။ လုပ်တာကဒီလိုလေ
Start>Run Type "shutdown -s -t 0" Press Enter
(စက်က သုညစက္ကန့် အတွင်း ပိတ်သွားလိမ့်မယ်)
Start>Run Type "shutdown -r -t 0" Press Enter
(စက်က သုညစက္ကန့် အတွင်း Restart ဆင်းသွားလိမ့်မယ်)
-t နောက်မှာ 60 လို့ရေးရင် ၁မိနစ်မှာဖြစ်မယ်ပေါ့။ကြိုက်တာထည့်လို့ရတယ်။
Network အတွင်းက Computer ကို ပိတ်ချင်ရင်တော့ "shutdown -a (IP address or computer Name)ထည့်ယုံပါ။နောက်ကတော့ အရင်အတိုင်းပဲ -s -t 0 ပေါ့။" ကိုယ်က admin right တော့ရှိရမယ်။

Monitor အဟောင်းလေးရဲ့ ဒုက္ခပေးပုံ

မှတ်မှတ်ရရ မိတ္ထီလာစရောက်ခါစက မိုးလေးဖွဲဖွဲရွာနေတဲ့ အချိန်တုန်းက ပျင်းပျင်းရှိတာနဲ့(ဆော်မှမရှိတာပျင်းမှာပေါ့နော်) အိမ်ရှေ့မှာ ပေါသွပ် ကာတွန်းလေးထိုင်ဖတ်နေတုန်း သူငယ်ချင်း ညီမ ချောချောလေးက (နာမည်တော့မပြောတော့ဘူးနော်..ဟိ) 'အစ်ကို အိမ်ကကွန်ပျူတာညကပျက်သွားလို့ လိုက်ကြည့်ပေးပါဦး' တဲ့ ဒါနဲ့ ကျွန်တော်လည်း လိုမယ်ထင်တာလေးတွေ ယူပြီး သူ့ဆိုင်ကယ်လေးနဲ့ပဲ သူ့အိမ်ကို လိုက်သွားပြီး ပြင်ပေးလိုက်တယ်။သူလေးနဲ့ ဆိုင်ကယ် စီးရတာကတော့ တကယ်ဖီးပဲဗျာ(စီးဖူးတဲ့သူများသိမှာပေါ့နော်)။ ဖီးငုပ်တာက ကွန်ပျူတာပြင်တော့မှဗျ။ ဖြစ်ပုံက သူ့ကွန်ပျူတာက System File တွေကို Virus တီးသွားတော့ Window ပြန်တင်ပေးလိုက်ရတယ်။ အဲဒီမှာပြဿနာစတာပဲ Window လည်းတင်ပြီးကော Welcome ဆိုတာကြီးပြပြီး Monitor ဘာမှမလာတော့ဘူးဗျ။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ နောက်တော်တော်ကြာမှ စဉ်းစား မိတယ် Monitor က Screen refresh Rate ကို မနှိင်ဖြစ်တာကိုပေါ့။ အဲဒါနဲ့ Window တက်တက်ချင်းမှာ F8 နှိပ်ပြီး Safe Mode ထဲဝင် Enable VGA Mode ကိုရွေး Window တက်လာတာနဲ့ Desktop မှာ R-Click နှပ် Properties ကိုရွေး Settings Tabသွား အဲဒီထဲက Advance နှိပ် adapter ကိုထပ်နှိပ် List All Modes နှိပ် ပြီးတော့ 800 by 600,True Color(32bit) 60Hertz ရွေးပြီး Ok..Ok နှိပ် အဲ Window ကို Restart ဆင်းပြီး Window ပြန်တက်လာတော့မှပဲ ဟင်းလုပ်နှိင်တော့ တယ်ဗျာ။

Thumbnail တွေမပေါ်အောင် လုပ်နည်း

ကျွန်တော်လွန်ခဲ့တဲ့ တစ်ပက်လောက်က သူငယ်ချင်းတစ်ယောက်ရဲ့ Narcissus ဓါတ်ပုံဆိုင်ကို ဓါတ်ပုံသွားကူးတုန်းက သူငယ်ချင်းက "ဟာမင်းလာတာနဲ့ အတော်ပဲ ဒီမှာ Virus Computer ထဲဝင်နေလို့ ကူညီပါအုံး" လို့ ပြောလာတယ်။ ကျွန်တော်ကလည်း ကွန်ပျူတာလေး မတက်တစ်ခေါက် ကလေးပဲ တက်တာ ဆိုတော့ မိန်းကလေးတွေကြားထဲ အရှက်တော့ကွဲပြီပေါ့။ ဒါပေမဲ့ ဒီနေ့ တွတ်ပီတို့ ကံကောင်းသွားတယ်။ ဖြစ်ပုံက ဒီလိုဗျ - သူက Virus ထင်ပြီး Thumbnail တွေကို ဖျက်လိုက် Photo တစ်ပုံဖွင့်လိုက် Thumbnail ဖိုင်လေးက ပြန်ပေါ်လိုက်ဆိုတော့ သူက Virus ထင်ပြီး အကူအညီတောင်းတာဗျ။ တော်သေးတာပေါ့ ကြားဖူးနားဝလေးရှိထားလို့ လူတွေကြားထဲအရှက်မကွဲတာ။ ကျွန်တော်လုပ်ပေးလိုက်ပုံက ဒီလိုဗျ

၁) My computer ဖွင့်လိုက်တယ်
၂)ပြီးတော့ View menu ထဲက Folder Options ကိုနှပ်
၃)Folder Options Window လေးပေါ်လာတာနဲ့ View Tab ကိုသွားပြီး
၎)Files and Folders ရဲ့အောက်က 'Do not cache thumbnails' ဆိုတာလေးကို On ပေးလိုက်တာပေါ့

အဲဒီတော့ Thumbnails ဆိုတာလေးပေါ်မလာတော့ဘူးပေါ့.... ဟဲဟဲ..