သိချင်တာအကုန် မသိရတဲ့ အင်တာနက်

လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ခဲ့တဲ့ အဖြစ်ပျက်လေးပေါ့။ ကျွန်တော် အင်တာနက်ဆိုင် စဖွင့်စက ဆိုင်က အင်တာနက်အကြောင်းမသိသေးတဲ့လူတွေကို သင်ပေးရင်းနဲ့ Google မှာမင်းတို့သိချင်တာ အကုန်ရှာလို့ရတယ် ရှာတက်ဖို့ပဲလိုတယ် အကုန်ရှိတယ် ဘာညာဖောတာပေါ့။ Google မှာရှာပုံရှာနည်း သင်ပေးလိုက်တယ်။ သင်ပြီးတာနဲ့ မင်းတို့ စမ်းကြဆိုပြီးအေးအေးဆေးဆေး ကော်ဖီလေးနဲ့ ဆိုက်နောက်မှာ ဖီးခံနေလိုက် နာ၇ီဝက် လောက်ကြာတော့ R-ရှိန်း လို့ခေါ်တဲ့ တပည့်ကျော်ကြီးက အစ်ကိုပြောတော့ အင်တာနက် မှာသိချင်တာအကုန်ရှိတယ်ဆိုဟုတ်လဲဟုတ်ဘူးလို့ ပြောလာကောဗျာ။ မင်းမရှာတက်လို့ နေမှာပါလို့ လွယ်လွယ်ဖြေလိုက်တယ်လေ။ သူကလည်း မဟုတ်ဘူးအစ်ကို သေချာ ရှာတာမတွေ့ဘူး မယုံရင် လိုက်ကြည့်ဆိုပြီးခေါ်တာနဲ့ လိုက်ကြည့်လိုက်တော့ သူရှာတာက

“ R-ရှိန်း၏အကြောင်းအရာများ “ တဲ့ဗျာ……

Gtalk, Gmail မှာ Account Auto Sing in ဖြုတ်လိုလျှင်

ဒီနေ့စောစောစီးစီးနံနက် ၁၁း၀၀ လောက်ကဗျာ (ကျွန်တော်အတွက်ပြောတာပါ ညမင်းသားလေ ၁၁း၀၀ လောက်မှထတာကိုး) ကျွန်တော်ငယ်သူငယ်ချင်း တောင်သာကပေါမင်းသားကြီး (အခုတော့ Korea ငပေါ) က “ဟေ့ကောင်ငါစက်ကပျက်သွားတာလားမသိဘူး Gtalk က auto sing in ဖြစ်နေတာ ဘယ်လို မှ ဖြုတ်မရလို့ မင်းလိုင်းတက်လာတာကိုစောင့်နေတာ ဒီကြားထဲ တောင်သာက ဂုရုကြီးနဲ့ တွေ့လို့မေးတာလဲမရလို့ကွ သူကတော့ရှူးချင်လာပြီပြောတာပဲ ကူပါအုံးတဲ့” အဲဒါနဲ့ ကျွန်တော်လည်း Registry Editor ထဲကိုဝင်ခိုင်းပြီးတော့ Google Account History ကိုဖြတ်ခိုင်းလိုက်တာ အဆင်ပြေသွားတယ်။ အဲဒါက Gtalk မှာသာ မဟုတ်ဘူး Gmail မှာဖြစ်နေလည်း ရတယ်။ လုပ်ရတဲ့အဆင့်တွေက

  1. Window Key + R ( Keyboard က ၀င်းဒိုးကီးနဲ့ R ကိုတွဲနှိပ်လိုက်ရင် Run Box ပေါ်အောင်လို့ပေါ့)
  2. Typeregedit “ ( Run Box ထဲမှာ regedit ကိုရိုက်တာလေ)
  3. Registry Editor ပေါ်လာလို့ရှိရင် HKEY_CURRENT_USER>SOFTWARE>GOOGLE>GTALK>ACCOUNTS ထဲက ပေါ်နေတဲ့ အကောင့်နာမည်တွေကို SELECT ပေးပြီးတော့ R-CLICK နှိပ်ပြီး DELETE လုပ်လိုက်ယုံပါပဲ။

ဒါဆိုရင်အားလုံးအဆင်ပြေသွားပြီပေါ့။ မသိသေးတဲ့သူတွေ အသုံးပြုလို့ရအောင်ရေးပေးလိုက်တာနော် ……

Window မှာပါတဲ့ Defaults အသံတွေကို စိတ်ကြိုက်ပြောင်းရအောင်

Window က Defaults မြည်တဲ့အသံတွေကို ပြင်ချင်ရင် Start > Control Panel > Sounds and Audio Devices ကိုဖွင့်။ Sounds and Audio Devices Properties Window ပေါ်လာရင် အဲဒီထဲက Sounds Tab ကို Click နှိပ်။ အောက်နားမှာ Program events ဆိုတဲ့ Frame Box လေးကို တွေ့ရလိမ့်မယ်။ အဲဒီထဲ ကနေ ကိုယ်စိတ်ကြိုက် အသံတွေကို ပြောင်းလို့ရပြီ။ ဥပမာ - Window စတက်တဲ့အချိန်မှာ DJ သံနဲ့ တက်ချင်ရင် Program events Frame Box ထဲက START WINDOW ကိုရွေးပြီး ပြောင်းချင်တဲ့ DJ ဖိုင်ကို Browse Button ကို Click နှပ်ပြီး ရွေးပေးလိုက်ယုံပါပဲ။ Window ပိတ်လိုက်တဲ့အချိန်မှာ DJ သံနဲ့ပိတ်ချင်ရင်တော့ EXIT WINDOW မှာပြင်လိုက်ယုံပါပဲ။ ကျန်တာတွေကတော့ သူငယ်ချင်းတို့ကိုယ်တိုင်ပဲစမ်းကြည့်လိုက်တော့နော်။