သိချင်တာအကုန် မသိရတဲ့ အင်တာနက်

လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ခဲ့တဲ့ အဖြစ်ပျက်လေးပေါ့။ ကျွန်တော် အင်တာနက်ဆိုင် စဖွင့်စက ဆိုင်က အင်တာနက်အကြောင်းမသိသေးတဲ့လူတွေကို သင်ပေးရင်းနဲ့ Google မှာမင်းတို့သိချင်တာ အကုန်ရှာလို့ရတယ် ရှာတက်ဖို့ပဲလိုတယ် အကုန်ရှိတယ် ဘာညာဖောတာပေါ့။ Google မှာရှာပုံရှာနည်း သင်ပေးလိုက်တယ်။ သင်ပြီးတာနဲ့ မင်းတို့ စမ်းကြဆိုပြီးအေးအေးဆေးဆေး ကော်ဖီလေးနဲ့ ဆိုက်နောက်မှာ ဖီးခံနေလိုက် နာ၇ီဝက် လောက်ကြာတော့ R-ရှိန်း လို့ခေါ်တဲ့ တပည့်ကျော်ကြီးက အစ်ကိုပြောတော့ အင်တာနက် မှာသိချင်တာအကုန်ရှိတယ်ဆိုဟုတ်လဲဟုတ်ဘူးလို့ ပြောလာကောဗျာ။ မင်းမရှာတက်လို့ နေမှာပါလို့ လွယ်လွယ်ဖြေလိုက်တယ်လေ။ သူကလည်း မဟုတ်ဘူးအစ်ကို သေချာ ရှာတာမတွေ့ဘူး မယုံရင် လိုက်ကြည့်ဆိုပြီးခေါ်တာနဲ့ လိုက်ကြည့်လိုက်တော့ သူရှာတာက

“ R-ရှိန်း၏အကြောင်းအရာများ “ တဲ့ဗျာ……

0 comments:

Post a Comment